တရားမဝင် မြန်မာအလုပ်သမား ၁၆ဝ ကျော်ကို နေရပ်ပြန်ပို့

အမျိုးသား ၁၄၄ ဦး၊ အမျိုးသမီး ၄၄ ဦး၊ ကလေး ၈ ဦး အပါအဝင် အားလုံး ၁၆၆ ဦးကို ရန်နောင်းကနေ ပဲ့ချိတ်လှေ ၁ဝ စီးနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ရနောင်းခရိုင် အချုပ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမားများ - ၁ဝ ဧပြီ ၂ဝ၁ဝ Reuters

ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရပြီးနောက် လွတ်ရက်စေ့တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၆ ဦးကို ဇွန်လ ၂၉ ရက်နေ့မှာ ထိုင်းနယ်စပ်ကနေ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်လိုက်ပါတယ်။

အမျိုးသား ၁၄၄ ဦး၊ အမျိုးသမီး ၄၄ ဦး၊ ကလေး ၈ ဦး အပါအဝင် အားလုံး ၁၆၆ ဦးကို ရန်နောင်းကနေ ပဲ့ချိတ်လှေ ၁ဝ စီးနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။

မြန်မာအလုပ်သမားသံအရာရှိ ဦးရဲလင်းထက်နဲ့ ရနောင်းမြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် နယ်ခြားကော်မတီ၊ ရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန၊၊ နယ်စပ်ဖြတ်ကျော်အထူးတပ်ဖွဲ့တို့မှ တာဝန်ရှိသူတွေက သူတို့ကို  ပို့ဆောင်ပေးလိုက်တာလို့ ဆိုထားပါတယ်။

ဇွန်လ ၁၇ ရက်နေ့ကလည်း မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ဝ ကျော်ကို ရနောင်း-ကော့သောင်းနယ်စပ်ကနေ မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံက လူဝင်မှုကြီးကြပ်ရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာတွေဟာ တရားမဝင် ဝင်ရောက်မှု၊ စာရွက်စာတမ်း အထောက်အထား မရှိမှု၊ မူးယစ်ဆေးဝါးမှု အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်း ခံနေရပါတယ်။ 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org