ဖမ်းဆီးမှုတွေကို အံတုပြီး ရန်ကုန်မှာ လူငယ်တွေ ဆန္ဒထွက်ပြ

ဖမ်းဆီးမှုတွေ နေရာတိုင်းလုပ်နေတဲ့ကြားကပဲ ဧပြီလ ၃၀ ရက် ဒီနေ့ နေ့လည်ပိုင်း ရန်ကုန်မြို့ထဲမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့လူငယ်တွေ စုပေါင်းပြီး ဗိုလ်ချုပ်လမ်းမနဲ့ မဟာဗန္ဓုလလမ်းမတွေပေါ်ကနေ ဆူးလေအထိ ချီဆက်ဆန္ဒပြခဲ့ကြတာပါ။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့မှာ ဧပြီ ၃၀ ရက်နေ့က လူငယ်တွေ လမ်းမပေါ်မှာစုစည်းပြီး စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြစဉ်

ဖမ်းဆီးမှုတွေ နေရာတိုင်းလုပ်နေတဲ့ကြားကပဲ ဧပြီလ ၃၀ ရက် ဒီနေ့ နေ့လယ်ပိုင်း ရန်ကုန်မြို့ထဲမှာ အာဏာ သိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့လူငယ်တွေ စုပေါင်းပြီး ဗိုလ်ချုပ်လမ်းမနဲ့ မဟာဗန္ဓုလလမ်းမတွေပေါ်ကနေ ဆူးလေအထိ ချီဆက်ဆန္ဒပြခဲ့ကြတာပါ။

ဒီနေ့မှာတော့ ရန်ကုန်မြို့ထဲမှာ မိုးတွေရွာနေပေမယ့် လူငယ်တွေဟာ အာဏာရှင်ဆန့်ကျင်တဲ့ ကြွေးကြော်သံ တွေနဲ့အတူ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

မြို့ထဲမှာလိုပဲ သင်္ဃန်းကျွန်းမြို့နယ် ဘီအိုစီမှတ်တိုင်းနားကမှာလည်း လူငယ်တွေ ချီတက်ဆန္ဒပြခဲ့ကြပြီး စစ်ကောင်စီတပ်တွေ ရောက်မလာခင် လူစုခွဲလိုက်ကြပါတယ်။

ရန်ကုန်မြို့မှာ လူငယ်တွေ ပြောက်ကျားနည်းတွေနဲ့ စစ်ကောင်စီကို ဆန္ဒပြတာတွေ နေ့စဉ်ပြုလုပ်နေဆဲ ဖြစ်သလို အခုလို ချီတက်ဆန္ဒပြတာတွေကိုလည်း အဆင်သင့်သလို ပြုလုပ်ကြတာဖြစ်ပါတယ်။ တချို့ မြို့နယ်တွေမှာ ဆန္ဒပြလူငယ်တွေကို စစ်ကောင်စီတပ်တွေက နှစ်ဖက်ပိတ်ဖမ်းဆီးဖို့ ကြိုးစားတာတွေရှိပြီး ဖမ်းဆီးခံရတဲ့ လူငယ်တွေလည်းရှိတယ်လို့ သိရပေမယ့် သီးခြားအတည်ပြုနေဆဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org