စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မြို့က ကျောင်းသားထုလှုပ်ရှားမှု

အောင်ဆန်းသူရိယလှသောင်း တပ်မတော် အထက်တန်းကျောင်းက ကျောင်းသူ၊ ကျောင်းသားဟောင်း ၃၀ ကျော်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ဒီနေ့မှာ ကမာရွတ်မြို့နယ်က ပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အစိုးရကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

အောင်ဆန်းသူရိယလှသောင်း တပ်မတော် အထက်တန်းကျောင်းက ကျောင်းသားဟောင်းတွေ ၂၀၂၁ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လှည်းတန်းလမ်းဆုံမှာ ဆန္ဒပြခဲ့စဉ်

အောင်ဆန်းသူရိယလှသောင်း တပ်မတော် အထက်တန်းကျောင်းက ကျောင်းသူ၊ ကျောင်းသားဟောင်း ၃၀ ကျော်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ဒီနေ့မှာ ကမာရွတ်မြို့နယ်က ပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အစိုးရကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ စစ်ကြောင်းကလည်း ဒီနေ့ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ သမဂ္ဂရင်ပြင်နီ ကျောက်စာတိုင်ကို စိုက်ထူခဲ့ကြပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့အတူ ပြည်သူရွေးချယ်ထားတဲ့ အစိုးရပြန်ရတဲ့အထိ ဆန္ဒပြ တောင်းဆိုသွား မယ်လို့ ကျောင်းသားတွေက ပြောကြပါတယ်။

ဒီနေ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုဆောင်ရွက်ခဲ့တဲ့ ရန်ကုန်မြို့က ကျောင်းသားထုရဲ့ လှုပ်ရှားမှုကို ဒီဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org