အမျိုးသားရေးလှုပ်ရှားသူတွေရဲ့ ဆုတောင်းပွဲ
ဆရာတော် ဦးဝီရသူအတွက် ဆုတောင်းသူတွေကို အရေးယူမယ်လို့ အစိုးရက ပြောကြားလိုက်ပြီးနောက် အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာ ဦးဝီရသူ ဘေးကင်းရေး ဒုတိယအကြိမ်မြောက် ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
-
2019-06-01 -
-
-
ရန်ကုန်မြို့က ရွှေတိဂုံဘုရားမှာ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေက ဆရာတော် ဦးဝီရသူ ဘေးကင်းရေးအတွက် ၂ဝ၁၉ ခုနှစ် မေလ ၃၁ ရက်နေ့က ဆုတောင်းပွဲပြုလုပ်ခဲ့စဉ်
Photo: Kyaw Zaw Win/RFA
နိုင်ငံတော်အတိုင်ပင်ခံရုံးက ဆရာတော် ဦးဝီရသူအတွက် ဆုတောင်းသူတွေကို လုံခြုံးရေးအဖွဲ့စည်းတွေက အရေးယူမှာဖြစ်တယ်လို့ ပြောကြားလိုက်တာနဲ့တပြိုင်နဲ့ ဒီကနေ့မှာ ဒုတိယအကြိမ်မြောက် အမျိုးသားရေးတက်ကြွလှုပ်ရှားတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေဟာ ရန်ကုန်မြို့က ရွှေတိဂုံဘုရားမှာ ဆရာတော ်ဦးဝီရသူ ဘေးကင်းရေး ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်း က တင်ပြထားပါတယ်။