အမေရိကန်-အာဆီယံ စစ်ရေးလေ့ကျင့်မှုနဲ့ မြန်မာ

အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံက စစ်တပ်ခေါင်းဆောင်တချို့ကို လူ့အခွင့်အရေး ချိုးဖောက်မှု စွဲချက်တွေနဲ့ အမေရိကန်က ပိတ်ဆို့အရေးယူထားပေမယ့် အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေက ရေတပ်တွေ ပူးပေါင်းလုပ်ဆောင်တဲ့ ရေကြောင်းလေ့ကျင့်မှုမှာ မြန်မာနိုင်ငံ ပါဝင်နေပါတယ်။

US.-622.jpg

အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေက ရေတပ်တွေ ပူးပေါင်းလုပ်ဆောင်တဲ့ ရေကြောင်းလေ့ကျင့်မှုကို ပထမဆုံးအကြိမ်အဖြစ် ထိုင်းပင်လယ်ကွေ့မှာ ကျင်းပနေပါတယ်။

အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံက စစ်တပ်ခေါင်းဆောင်တချို့ကို လူ့အခွင့်အရေး ချိုးဖောက်မှု စွဲချက်တွေနဲ့ အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့အရေးယူထားပေမဲ့ အခု ပူးတွဲလေ့ကျင့်မှုမှာ မြန်မာစစ်တပ် ပါဝင်နေတဲ့အပေါ် ဝေဖန်တာတွေလည်း ရှိနေပါတယ်။

RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org