မလေးရှားကပြန်ပို့မယ့် မြန်မာတွေနဲ့ တွေ့ခွင့်ရဖို့ UNHCR တောင်းဆို

မြန်မာနိုင်ငံသား ၁၂ဝဝ ကို နေရပ်ပြန်ပို့မယ့်အစီအစဉ် ရပ်ထားဖို့ မလေးရှားနိုင်ငံကို တောင်းဆိုမှုတွေ ပိုများလာပါတယ်။ ကိုဗစ်ကပ်ရောဂါကာလမှာ နေရပ်ပြန်လိုကြတဲ့ မြန်မာနိုင်ငံသားတွေကို နှစ်နိုင်ငံအစိုးရရဲ့ အစီအစဉ်နဲ့ ပြန်ပို့နေတာဖြစ်ပါတယ်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ။ Photo: Myanmar Embassy/Malaysia

မြန်မာနိုင်ငံသား ၁၂ဝဝ ကို နေရပ်ပြန်ပို့မယ့်အစီအစဉ် ရပ်ထားဖို့ မလေးရှားနိုင်ငံကို တောင်းဆိုမှုတွေ ပိုများလာပါတယ်။ ကိုဗစ်ကပ်ရောဂါကာလမှာ နေရပ်ပြန်လိုကြတဲ့ မြန်မာနိုင်ငံသားတွေကို နှစ်နိုင်ငံအစိုးရရဲ့ အစီအစဉ်နဲ့ ပြန်ပို့နေတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခုလို နေရပ်ပြန်ပို့တဲ့ အစီအစဉ်အပေါ် အမေရိကန် အပါအဝင် နိုင်ငံတကာရဲ့ စိုးရိမ်သံတွေ ထွက်လာတာပါ။

မနက်ဖြန် အင်္ဂါနေ့မှာ မြန်မာနိုင်ငံသား ၁၂ဝဝ ကို ပြန်ခေါ်မယ့် မြန်မာရေတပ်သင်္ဘော ၃ စင်း မလေးရှားနိုင်ငံမှာ ရောက်ရှိနေပါပြီ။

မလေးရှားနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးကတော့ - မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ပို့မယ့်အစီအစဉ်ကို စိုးရိမ် ကြောင်းနဲ့ အခုပြန်ပို့မယ့်သူတွေထဲမှာ ခိုလှုံခွင့်လျှောက်ထားသူတွေ ပါ - မပါ ဆိုတာ UNHCR ကို စိစစ်ခွင့်ပေးဖို့ တိုက်တွန်းထားပါတယ်။

UNHCR ကတော့ - မနက်ဖြန် ပြန်ပို့ခံရမယ့်သူတွေထဲမှာ နိုင်ငံတကာရဲ့ အကာအကွယ်လိုအပ်ပြီး UNHCR မှာ ခိုလှုံခွင့်လျှောက်ထားသူ အနည်းဆုံး ၆ ယောက် ပါဝင်နေကြောင်းနဲ့ ဒီလူတွေနဲ့ အခုထိ တွေ့ခွင့်မရသေးဘူးလို့ ပြောဆိုထားပါတယ်။

ကွာလာလမ်ပူမြို့ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ - ထိန်းသိမ်းရေးစခန်းမှာ ကာလအတန်ကြာ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား အယောက် ၆ဝ အပါအဝင် မြန်မာနိုင်ငံသား ၁၆၆ ယောက်ကို ကယ်ဆယ်ရေး လေယာဉ်နဲ့ ဒီကနေ့ ပြန်ပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org