မုံရွာမှာ ပစ်ခတ်နေ၊ သုံးဦး သေဆုံး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီနေ့မနက် အစောပိုင်းကစပြီး စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်နေတာကြောင့် နံနက် ၁၀ နာရီခွဲထိ အရပ်သား သုံးဦး ကျည်ဆံထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ RFA က ကနဦး စုံစမ်းသိရပါတယ်။
- 2021-04-03
-
-
-
မုံရွာမြို့မှာ ၂၀၂၁ ဧပြီ ၃ ရက်နေ့က စစ်ကောင်စီတပ်တွေ ပစ်ခတ်နေတာကြောင့် ကျည်ဆံထိမှန်သူတချို့ကို တွေ့ရစဉ်
Photo: CJ