စမ်းချောင်းမှာ ရဲတပ်ဖွဲ့ အကြမ်းဖက်ဖြိုခွဲပြီး ဆန္ဒပြသူတွေကို ဖမ်းဆီး

ရန်ကုန်မြို့ စမ်းချောင်းဗဟိုလမ်းနဲ့ မအူပင်လမ်းထောင့်မှာ ရပ်ကွက်နေပြည်သူတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေက ဆန္ဒပြနေတာကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာ မီးခိုးဗုံးတွေ၊ အသံမိုင်းတွေနဲ့ ပစ်ဖောက်အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမှာ ၂၀၂၁ ဖေဖော်ဝါရီ ၂၇ ရက်နေ့က မျက်ရည်ယိုဗုံး ပစ်ဖောက်ထားတာကို တွေ့ရစဉ်

ရန်ကုန်မြို့ စမ်းချောင်းဗဟိုလမ်းနဲ့ မအူပင်လမ်းထောင့်မှာ ရပ်ကွက်နေပြည်သူတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ က ဆန္ဒပြနေတာကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာ မီးခိုးဗုံးတွေ၊ အသံမိုင်းတွေနဲ့ ပစ်ဖောက်အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက စားသောက်ဆိုင်တွေထဲအထိ ဆန္ဒပြပြည်သူတွေကို ဝင်ဖမ်းခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုမှာ ဖမ်းဆီးခံရသူတွေရှိခဲ့ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org