ယနေ့နိုင်ငံရေး
RFA က စီစဉ်ထုတ်လုပ်ပြီး DVB ရုပ်သံလိုင်းကနေ ထုတ်လွှင့်တဲ့ “ယနေ့နိုင်ငံရေး” အစီအစဉ်မှာ… NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အများစုရှိရာ မြန်မာနိုင်ငံ အရှေ့မြောက်ဒေသက တိုက်ပွဲတွေ၊ စစ်ဘေးဒုက္ခသည်တွေ အရေး၊ ငြိမ်းချမ်းရေး ဘာ့ကြောင့် အလှမ်းဝေးနေသလဲဆိုတာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
-
2019-08-08 -
-
-
RFA က စီစဉ်ထုတ်လုပ်ပြီး DVB ရုပ်သံလိုင်းကနေ ထုတ်လွှင့်တဲ့ “ယနေ့နိုင်ငံရေး” အစီအစဉ်မှာ… NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အများစုရှိရာ မြန်မာနိုင်ငံ အရှေ့မြောက်ဒေသက တိုက်ပွဲတွေ၊ စစ်ဘေး ဒုက္ခသည်တွေ အရေး၊ ငြိမ်းချမ်းရေး ဘာ့ကြောင့် အလှမ်းဝေးနေသလဲဆိုတာတွေကို ရှမ်းပြည်နယ် လားရှိုးမြို့နယ်က SNLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလိုင်းခမ်း၊ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်က ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်တို့နဲ့အတူ RFA ဝိုင်းတော်သူ မအေးအေးမွန်က ဆွေးနွေးတင်ပြထားပါတယ်။
ဒုတိယပိုင်း "နိုင်ငံရေးရာ မေးစရာ" အစီအစဉ်မှာ… SNLD - ပါတီက၊ ရှမ်းပြည်နယ် သိန္နီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခမ်းဦးနဲ့ မေးမြန်းခန်းကို ရှုစားကြရမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က သူ့ကို မဲပေးရွေးချယ်ခဲ့တဲ့ ပြည်သူတွေအတွက် သူဘာတွေ လုပ်ပေးခဲ့ပြီးပြီလဲ၊ လွတ်တော် ကိုယ်စားလှယ်တစ်ဦးအတွက် အခက်အခဲနဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ၊ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ဘာတွေပြင်ဆင်ထားသလဲဆိုတာတွေကို RFA- ဝိုင်းတော်သူ မနန္ဒာချမ်းက မေးမြန်းတင်ပြထားပါတယ်။