ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းနဲ့ တပ်မတော်ဆက်ဆံရေး

NLD အစိုးရကို ဖယ်ရှားဖို့အထိ လှုံ့ဆော်ခဲ့တဲ့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းရဲ့ ညီလာခံမှာ တပ်မတော်က ငွေသိန်းပေါင်းများစွာ လှူဒါန်းခဲ့တဲ့ကိစ္စဟာ လူအတော်များများကြားမှာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ လက်ရှိ အစိုးရကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ထားတဲ့ ဒီအဖွဲ့နဲ့ တပ်မတော်ကြား ဆက်ဆံရေးက ဘယ်ကို ဦးတည်နေပါသလဲ ...။

wirathu-622.jpg

 

NLD အစိုးရကို ဖယ်ရှားဖို့အထိ လှုံ့ဆော်ခဲ့တဲ့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းရဲ့ ညီလာခံမှာ တပ်မတော်က ငွေသိန်းပေါင်းများစွာ လှူဒါန်းခဲ့တဲ့ကိစ္စဟာ လူအတော်များများကြားမှာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းအဖြစ် အမည်ပြောင်းခဲ့တဲ့ မဘသ အဖွဲ့နဲ့ တပ်မတော်ကြားက ဆက်ဆံရေးကိုလည်း မေးခွန်းထုတ်တဲ့အထိ ရှိလာနေတာပါ။

အခုလို လက်ရှိ အစိုးရကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ထားတဲ့ ဒီအဖွဲ့နဲ့ တပ်မတော်ကြား ဆက်ဆံရေးက ဘယ်ကို ဦးတည်နေသလဲ ဆိုတာကို RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။

(ရိုက်ကူး - ဇာဏီထွဏ်း)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org