စစ်ကောင်စီကို ထောက်ပံ့မှုရပ်ဖို့ စွမ်းအင်ကုမ္ပဏီ Chevron ကို ဆန္ဒပြ
အမေရိကန်စွမ်းအင်ကုမ္ပဏီ Chevron က စစ်ကောင်စီကို ထောက်ပံ့နေတာ ရပ်ဖို့နဲ့ မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE ကို ပိတ်ဆို့အရေးယူပေးဖို့ အမေရိကန်အစိုးရကို တိုက်တွန်းတဲ့ လှုပ်ရှားမှုကို နယူးယောက်မြို့မှာ မေ ၂၆ ရက်ကလုပ်ခဲ့ပါတယ်။
- 2021-05-27
-
-
-
အမေရိကန်စွမ်းအင်ကုမ္ပဏီကြီး Chevron မှ အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီအား ထောက်ပံ့နေခြင်းကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ၂၀၂၁၊ မေ ၂၆ ရက်နေ့က သရုပ်ဖော်ဆန္ဒပြစဥ်
Photo: Terry Win
အမေရိကန်စွမ်းအင်ကုမ္ပဏီ Chevron က စစ်ကောင်စီကို ထောက်ပံ့နေတာ ရပ်ဖို့နဲ့ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း MOGE ကို ပိတ်ဆို့အရေးယူပေးဖို့ အမေရိကန်အစိုးရကို တိုက်တွန်းတဲ့လှုပ်ရှားမှုကို အမေရိ ကန်နိုင်ငံ နယူးယောက်မြို့မှာ မေ ၂၆ ရက်ကလုပ်ခဲ့တာပါ။
ဆန္ဒပြသူတွေက အေးချမ်းတဲ့ မြန်မာပြည်သူပြည်သားတွေကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်နေမှုနဲ့ Chevron က စစ်ကောင်စီနဲ့ စီးပွားမိတ်လက်တွဲနေမှု တို့ကို သရုပ်ဖော်ခဲ့ပါတယ်။