အင်းစိန်ထောင်က လွတ်မြောက်လာသူအချို့ရဲ့ ပြောကြားချက်
ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်ကနေ ပြန်လွှတ်ပေးမယ့် ပြစ်ဒဏ်ချမှတ်ခံထားရသူ ၆၄၇ ဦးကို အောက်တိုဘာလ ၁၈ ရက်နေ့မှာ စတင်လွှတ်ပေးခဲ့သလို အမှုရင်ဆိုင်နေရသူ ၄၀၀ ကိုလည်း မနေ့က စတင်လွှတ်ပေးနေတယ်လို့ ဒီနေ့ထုတ် စစ်ကောင်စီရဲ့ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။
- 2021-10-20
-

ပြစ်ဒဏ်ချမှတ်ခံထားရသူ ၆၄၇ ဦးထဲက လူပေါင်း ၁၅၀ ကို အောက်တိုဘာလ ၁၈ ရက်နေ့မှာ စတင်လွှတ်ပေးခဲ့ပြီး ကျန်ရှိနေသေးတဲ့သူတွေကိုလည်း ဆက်လက်လွှတ်ပေးသွားမယ်လို့ ဆိုပါတယ်။
အခုပြန်လွတ်လာသူတွေဟာ စစ်ကောင်စီကို ဆန္ဒပြတာ၊ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ရေးသားတာ၊ ရုပ်သံမှတ်တမ်းတွေယူတာ စတာတွေကြောင့် ဖမ်းဆီးခံခဲ့ရတာလို့ ပြန်လည်လွတ်မြောက်လာသူတွေက ပြောပါတယ်။
နိုင်ငံတစ်ဝန်း ပြစ်ဒဏ်ချမှတ်ခံထားရသူ ၁၃၁၆ ဦး၊ အမှုရင်ဆိုင်နေရသူ ၄၃၂၀ ဦး၊ စုစုပေါင်း ၅၆၃၆ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က ကြေညာခဲ့တာဖြစ်ပါတယ်။
အင်းစိန်အကျဉ်းထောင်ကနေ အောက်တိုဘာလ ၁၉ ရက် မနေ့က ပြန်လွတ်မြောက်လာသူအချို့ရဲ့ ပြောကြားချက်တွေကို ရုပ်သံမှာကြည့်ရှုနိုင်င်ပါတယ်။