Antony Blinken သတင်းစာရှင်းလင်းပွဲ

ကပ္ပလီပင်လယ်ပြင်မှာ မျောပါနေတဲ့ လှေစီးဒုက္ခသည်တွေရဲ့အသက်တွေကို ကယ်တင်ကြဖို့ မြန်မာနဲ့ ဒေသတွင်းနိုင်ငံအားလုံးကို အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။

ကပ္ပလီပင်လယ်ပြင်မှာ မျောပါနေတဲ့ လှေစီးဒုက္ခသည်တွေရဲ့အသက်တွေကို ကယ်တင်ကြဖို့ မြန်မာနဲ့ ဒေသတွင်းနိုင်ငံအားလုံးကို အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။ ရန်ကုန်မြို့ အမေရိကန်စင်တာမှာ မေလ ၂၂ ရက်နေ့ ညနေပိုင်းက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Antony Blinken က တိုက်တွန်းပြောကြားလိုက်တာ ဖြစ်ပါတယ်။ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီ ဦးတည်ပြီး ပင်လယ်ပြင်မှာမျောပါနေကြတဲ့ လှေစီးဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံတွေက ဖြစ်ပြီး တဝက်နီးပါးလောက်ဟာ မြန်မာနိုင်ငံက ဖြစ်တယ်လို့ Mr. Blinken က လေ့လာတွေ့ရှိချက်တွေကို ကိုးကားပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Antony Blinken ရဲ့ သတင်းစာရှင်းလင်းပွဲ အကြောင်း အပြည့်အစုံကို RFA ဝိုင်းတော်သူ မဟေမာစိုးက ဆက်ပြီး တင်ပြပေးမှာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org