ဦးဝီရသူ ဘေးကင်းရေး လမ်းလျှောက်ဆုတောင်းပွဲ

ဆရာတော် ဦးဝီရသူကို တရားစွဲဆိုထားတွေ လွတ်မြောက်ရေးနဲ့ ဘေးကင်းရေး လမ်းလျှောက်ဆုတောင်းပွဲကို သံဃာတော်တွေနဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ ရာနဲ့ချီပြီး ဗဟန်းမြို့နယ်က ကြေးသွန်းဘုရားကနေ ဆူးလေစေတီကို ဒီနေ့ စုပေါင်းလမ်းလျှောက်ခဲ့ကြပါတယ်။

wirathu-622

 

မန္တလေးတိုင်း မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကို တရားစွဲဆိုထားတွေ လွတ်မြောက်ရေးနဲ့ ဘေးကင်းရေး လမ်းလျှောက်ဆုတောင်းပွဲကို သံဃာတော်တွေနဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ ရာနဲ့ချီပြီး ဗဟန်းမြို့နယ်က ကြေးသွန်းဘုရားကနေ ဆူးလေစေတီကို ဒီနေ့ စုပေါင်းလမ်းလျှောက်ခဲ့ကြပါတယ်။

ဦးဆောင်တဲ့ ဆရာတော်တစ်ပါးဖြစ်တဲ့ မျိုးချစ်ရဟန်းတော်များ သမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အရှင်တေဇဝန္တက ဒီနေ့ပြုလုပ်တဲ့ လှုပ်ရှားမှုဟာ ရွှေဝါရောင် တော်လှန်ရေးကဲ့သို့ မေတ္တာပို့ဆုတောင်းတာ ဖြစ်တယ်လို့ သတင်းမီဒီယာတွေကို မိန့်ကြားခဲ့ပါတယ်။

ရိုက်ကူး - အောင်သိင်္ခ၊ ထက်အာကာ/ RFA

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org