အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သေဆုံးသူခဲ့သူတွေအတွက် နေပြည်တော်မှာ ဆုတောင်းပွဲလုပ်

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရင်း ရဲတပ်ဖွဲ့နဲ့စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် မေတ္တာပို့ ဆုတောင်းပွဲကို မတ်လ ၂ ရက် ဒီနေ့မနက်က နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစု ရှေးဟောင်းစေတီမှာ ပြုလုပ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြရင်း ရဲနဲ့စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် မေတ္တာပို့ ဆုတောင်းပွဲကို ၂၀၂၁၊ မတ်လ ၂ ရက်က နေပြည်တော် ညောင်ပင်ကြီးစု ရှေးဟောင်းစေတီမှာ ပြုလုပ်ခဲ့စဉ်

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရင်း ရဲတပ်ဖွဲ့နဲ့စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေ အတွက် မေတ္တာပို့ ဆုတောင်းပွဲကို မတ်လ ၂ ရက် ဒီနေ့မနက်က နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစု ရှေးဟောင်းစေတီမှာ ပြုလုပ်ခဲ့ပါတယ်။

နေပြည်တော်မှာရှိတဲ့ လူငယ်တစ်ချို့က စုပေါင်းပြုလုပ်ခဲ့တာဖြစ်ပြီး ဘုရားမှာ ဆီမီးထွန်း ပန်းပူဇော်ကာ ကျဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ဆုတောင်းမေတ္တာပို့ခဲ့ကြတာပါ။

နေပြည်တော်မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နေ့စဉ်ရှိနေပေမယ့်လည်း လုံခြုံရေးတင်းကျပ် ထားပြီး ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းတာတွေ ဖမ်းဆီးတာတွေ ရှိနေတဲ့အတွက် ပြည်သူတွေဟာ အရင်လို အင်အားအများအပြားနဲ့ တစ်စုတစ်စည်းတည်း ဆန္ဒပြတာမျိုး မရှိတော့ဘဲ လူအနည်းငယ်နဲ့သာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org