ဂျပန်သံရုံးရှေ့ ဆန္ဒပြမှု ရဲက ဖမ်းဆီးရိုက်နှက်ဖို့ ကြိုးပမ်းမှုတွေရှိခဲ့

ရန်ကုန်မြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ သံရုံးတွေအနီးမှာ ဆန္ဒပြနေကြပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ဂျပန်သံရုံးအနီး ဆန္ဒပြသူတွေကို သံရုံးအနီးဆန္ဒမပြဖို့ ရဲတပ်ဖွဲ့က မောင်းထုတ်ခဲ့ပါတယ်။

ဂျပန်သံရုံးအနီးလုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ကို တွေ့ရစဉ် Photo: RFA

ရန်ကုန်မြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ သံရုံးတွေအနီးမှာ ဆန္ဒပြနေကြပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ဂျပန်သံရုံးအနီး ဆန္ဒပြသူတွေကို သံရုံးအနီးဆန္ဒမပြဖို့ ရဲတပ်ဖွဲ့က မောင်းထုတ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဘက်က ပြည်သူတွေနဲ့ သတင်းမီဒီယာတွေကို ဖမ်းဆီးရိုက်နှက်ဖို့ ကြိုးစားခဲ့ပြီး သံရုံးအနီးကနေ ထွက်ပြေးခဲ့ရပါတယ်။

လုံခြုံရေးတာဝန်ယူထားတဲ့သူက ရဲဝတ်စုံဝတ်ဆင်ပြီး တပ်မတော်သားတွေ အသုံးပြုတဲ့ စစ်ဖိနပ်တွေကို ဝတ်ဆင်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေပြုလုပ်ခဲ့တဲ့ နေပြည်တော်၊ ပျဉ်းမနား၊ မော်လမြိုင်၊ မန္တလေး၊ မြစ်ကြီးနားစတဲ့ မြို့တွေမှာ ဆန္ဒပြသူတွေကို ပစ်ခတ်ရိုက်နှက်ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေ၊ အာဏာဖီဆန်ရေး CDM လုပ်နေတဲ့ ဆရာဝန်၊ ကျောင်း ဆရာမ၊ မြန်မာ့မီးရထား ဝန်ထမ်းတွေနဲ့ ဘဏ်ဝန်ထမ်းတွေကို ဖိအားပေးဖမ်းဆီးတာတွေ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org