လမ်းပေါ်ထွက် ဆန္ဒပြတဲ့ ခြောက်ရက်မြောက်နေ့ ရန်ကုန်မြို့မြင်ကွင်း

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ၁၁ ရက်မြောက်နေ့လည်းဖြစ် ပြည်သူတွေ လမ်းပေါ် ထွက် ဆန္ဒပြတာ ၆ ရက်မြောက်နေ့လည်း ဖြစ်တဲ့ ဒီနေ့မှာ ရန်ကုန်မြို့ နေရာအနှံ့မှာ ပြည်သူတွေဟာ မတူကွဲပြားတဲ့ လှုပ်ရှားမှုတွေနဲ့ စစ်အစိုးရကို ကန့်ကွက် ဆန္ဒပြနေကြပါတယ်။

ရန်ကုန်မှာ မြန်မာ့မီးရထားဝန်ထမ်းတွေ စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပါဝင်ဆန္ဒပြစဉ်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ၁၁ ရက်မြောက်နေ့လည်းဖြစ် ပြည်သူတွေ လမ်းပေါ် ထွက် ဆန္ဒပြတာ ၆ ရက်မြောက်နေ့လည်း ဖြစ်တဲ့ ဒီနေ့မှာ ရန်ကုန်မြို့ နေရာအနှံ့မှာ ပြည်သူတွေဟာ မတူကွဲပြားတဲ့ လှုပ်ရှားမှု တွေနဲ့ စစ်အစိုးရကို ကန့်ကွက် ဆန္ဒပြနေကြပါတယ်။

Myanmar plaza ရှေ့မှာတော့ ဆန္ဒပြသူလူငယ်တွေ စုဖွဲ့ပြီး သရုပ်ပြကွက်အမျိုးမျိုး ဆန္ဒပြနေကြပါတယ်။

ဗဟိုဘဏ်ရှေ့မှာ အနုပညာရှင်အချို့ လာရောက်ကူညီမှုတွေ လုပ်ဆောင်နေတာတွေရှိပြီး စီတန်းလှည့်လည် နေတဲ့ စည်ပင်သန့်ရှင်းရေးဝန်ထမ်းတချို့ အနှေးယဉ်လုပ်သားတွေ၊ ရေကြောင်းပညာ တက္ကသိုလ် ကျောင်းသားတွေ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေ ဆန္ဒပြခဲ့ကြပါတယ်။

မနက်ပိုင်း ၉ နာရီလောက်က ဗဟိုဘဏ်ဝန်ထမ်းတွေ ရုံးတက်အလုပ်လုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာတဲ့အတွက် ဗဟိုဘဏ်ရှေ့မှာ ရန်ကင်းမြို့နယ်ပြည်သူ ၂၀၀၀ နီးပါးလောက် ဆန္ဒပြကန့်ကွက်ခဲ့ကြ ပါသေးတယ်။

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတစ်ဦးက ဗဟိုဘဏ်ရှေ့ဆန္ဒပြချိန်မှာ အုပ်ချုပ်ရေးပိုင်းက လာရောက်တားမြစ်တာတွေ ရှိခဲ့ပါတယ်။

အလားတူ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ လှည်းတန်း၊ မြေနီကုန်း၊ ရန်ကုန်မြို့လယ်ခေါင် ဆူးလေဘုရားတဝိုက်နဲ့ သံရုံးတွေအရှေ့မှာလည်း ဆက်ရှိနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org