မမြသွဲ့သွဲ့ခိုင် ရက်လည်ဆွမ်းကျွေး

နေပြည်တော်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ သေနတ်ကျည်ထိမှန် သေဆုံးခဲ့ရတဲ့ အသက် ၂၀ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ရဲ့ ရက်လည်ဆွမ်းကျွေးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ဒီနေ့မနက်ပိုင်းက ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာက သူမရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။

နေပြည်တော်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ သေနတ်ကျည်ထိမှန် သေဆုံးခဲ့ရတဲ့ အသက် ၂၀ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင် ကို တွေ့ရစဉ်

နေပြည်တော်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ သေနတ်ကျည်ထိမှန် သေဆုံးခဲ့ရတဲ့ အသက် ၂၀ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ရဲ့ ရက်လည်ဆွမ်းကျွေးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ဒီနေ့မနက်ပိုင်းက ဇေယျာ သီရိမြို့နယ် ကျည်တောင်ကျေးရွာက သူမရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။

 ဖေဖော်ဝါရီလ ၉ ရက်နေ့က ဒဿမတန်းကျောင်းသူ မမြသွဲ့သွဲ့ခိုင်ဟာ ရဲတပ်ဖွဲ့က ပစ်လိုက်တဲ့ သေနတ် ကျည်ဆံ ဦးခေါင်းထဲဖောက်ဝင်ခဲ့လို့ နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

အရေးပေါ် ကုသဆောင်မှာ ၁၀ ရက်ကြာ အောက်စီဂျင်ပိုက်နဲ့ အသက်ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

သူမဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမူအတွင်း ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ဖြိုခွဲမှုကြောင့် ပထမဆုံး သေဆုံးခဲ့သူဖြစ်ပါတယ်။ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအတွင်း သေဆုံးသူ ရှစ်ဦးခန့်ရှိပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org