မမြသွဲ့သွဲ့ခိုင် (၂၀၀၁-၂၀၂၁)

မြန်မာနိုင်ငံမှာ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို စစ်တပ်နဲ့ အပေါင်းအပါတွေက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးတဲ့နောက် ပြည်လုံးကျွတ်နီးပါး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာသလို အဲဒီဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲနှိမ်နင်းတာလည်း ရှိနေပါတယ်။

၂၀၂၁၊ ဖေဖော်ဝါရီလ (၉) ရက်နေ့က ရဲတပ်ဖွဲ့ပစ်လိုက်တဲ့သေနတ်ကျည်ဆန် ဦးခေါင်းထဲဖောက်ဝင်ပြီး သေဆုံးသွားခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်

မြန်မာနိုင်ငံမှာ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို စစ်တပ်နဲ့ အပေါင်းအပါတွေက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးတဲ့နောက် ပြည်လုံးကျွတ်နီးပါး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာသလို အဲဒီဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲနှိမ်နင်းတာလည်း ရှိနေပါတယ်။ အဲဒီလိုနှိမ်နင်းတဲ့အတွက် နေပြည်တော်မှာ ဖေဖော်ဝါရီလ (၉) ရက်နေ့က ဒသမတန်းကျောင်းသူ မမြသွဲ့သွဲ့ခိုင်ဟာ ရဲတပ်ဖွဲ့က ပစ်လိုက်တဲ့သေနတ်ကျည်ဆန် ဦးခေါင်းထဲဖောက်ဝင်ပြီး နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံက အရေးပေါ်ကုသခန်းမှာ ဆရာဝန်တွေက ၁၀ ရက်ကြာ အောက်စီဂျင်ပိုက်နဲ့ အသက်ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီနေ့မှာတော့ လုံးဝလက်လျှော့လိုက်ပါပြီ။

ဒါကြောင့် စစ်တပ်က အာဏာသိမ်းပြီး ပထမဆုံး အသက်ဆုံးရှုံးသွားတဲ့ အသက် (၂၀) အရွယ် ဒဿမတန်းကျောင်းသူ မမြသွဲ့သွဲ့ခိုင်နဲ့ ပတ်သက်လို့ သူဘယ်လိုမိန်းကလေးလဲဆိုတာ RFA က စုဆောင်းတင်ပြလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org