စစ်တပ်နဲ့ ရဲလက်မှာ ဖမ်းဆီးခံရပြီး သေဆုံးသွားခဲ့တဲ့ ဦးခင်မောင်လတ် နာရေး
ပန်းဘဲတန်းမြို့နယ် ၇ ရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ်ကို မတ်လ ၆ ရက်နေ့ညမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီးနောက် မတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာ သူတို့လက်မှာတင် ကွယ်လွန်သွားပါတယ်။
- 2021-03-07
-

ကွယ်လွန်သူဟာ အစ္စလာမ်ဘာသာဝင်တစ်ဦး ဖြစ်တာကြောင့် ဒီနေ့ မတ်လ ၇ ရက်နေ့ ရေဝေးအစ္စလာမ် သုသာန်မှာ ထုံးတမ်းအစဉ်လာနဲ့အညီ မြေမြှုပ်ဈာပန ပြုလုပ်ခဲ့ပါတယ်။
ဦးခင်မောင်လတ်ဟာ ၂၀၂၀ ရွေးကောက်ပွဲကာလမှာ ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်ရဲ့ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခဲ့သူဖြစ်သလို၊ ၂၀၁၅ ရွေးကောက်ပွဲကာလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တာဝန်ယူခဲ့တဲ့ ဦးနေဖူးဗဆွေရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
မနေ့ညက ဦးခင်မောင်လတ်အပြင် ပန်းဘဲတန်းမြို့နယ် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တွေရဲ့ နေအိမ်တွေကို စစ်တပ်နဲ့ရဲ အပါအဝင် မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ဝင်ရောက်ရှာဖွေတာ၊ အကြမ်းဖက် ရိုက်နှက်ဖျက်ဆီးခဲ့တာတွေလည်းရှိခဲ့ပြီး နေအိမ်တိုက်ခန်းတွေကနေ ထွက်ကြည့် နေသူတွေကိုပါ သေနတ် တွေနဲ့ ပစ်ဖောက်တာတွေလည်း ရှိခဲ့ပါတယ်။