ရေကျော်မှာ စစ်ကောင်စီတပ်က နေအိမ်တွေကို လေးခွနဲ့လိုက်ပစ်

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရေ​ကျော်မှာ ဧပြီလ ၂၅ ရက်နေ့ ည ၈ နာရီဝန်းကျင်က ရပ်ကွက်နေပြည်သူတွေ သံပုံးတီး​နေစဉ် စစ်ကောင်စီတပ်တွေ ဝင်လာပြီး လမ်းထဲကအိမ်တွေကို ​လေးခွ​တွေနဲ့ လိုက်ပစ်နေတာဖြစ်ပါတယ်။

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရေ​ကျော်မှာ ဧပြီလ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေကို တွေ့ရစဉ်
ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရေ​ကျော်မှာ ဧပြီလ ၂၅ ရက်နေ့ ည ၈ နာရီဝန်းကျင်က ရပ်ကွက်နေ ပြည်သူတွေ သံပုံးတီး​နေစဉ် စစ်ကောင်စီတပ်တွေ ဝင်လာပြီး လမ်းထဲကအိမ်တွေကို ​လေးခွ​တွေနဲ့ လိုက်ပစ်နေ တာဖြစ်ပါတယ်။ ည ၁၀ နာရီအကျော်မှာ ယုဇနလမ်းထဲက ​လူငယ် သုံးယောက်ကို ဖမ်းဆီးသွားပြီး ကွန်ပြူတာ လက်တော့တွေ သိမ်းယူသွားခဲ့ပါတယ်။
 
မနေ့ညက အဖမ်းခံရသူ လူငယ် သုံးယောက်အနက် တစ်ယောက်ပြန်လွတ်လာပြီး ကျန်တဲ့နှစ်ယောက်ကို ဆက်လက် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org