စစ်အာဏာရှင်ကို နေ့စဥ်ဆန္ဒပြတဲ့ မန္တလေး မဟာမိတ်သပိတ်များ

စစ်အာဏာရှင်စနစ် ဖြုတ်ချရေး၊ စစ်ကျွန်ပညာသပိတ်မှောက်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပေါ်ပေါက်ရေးအတွက် မေ ၃၁ ရက်၊ ဒီနေ့ နံနက်ပိုင်း လှည့်လည်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာ ၂၀၂၁၊ မေ ၃၁ ရက်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေတဲ့ သမဝါယမကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်းကို တွေ့ရစဉ် Photo: Citizen Journalist

မန္တ​လေးပညာရေးမိသားစုသပိတ်စစ်ကြောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ အောင်မြေသာစံမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ချမ်းမြသာစည်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) သပိတ်စစ်ကြောင်း၊ အမရပူရမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဘုရားကြီးသပိတ်စစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်း၊ သမဝါယမကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း၊ တမ္ပဝတီလူထု သပိတ်စစ်ကြောင်း၊ မန္တလာတက္ကသိုလ် ကျောင်းသားများ သပိတ် စစ်ကြောင်းတို့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် ဖြုတ်ချရေး၊ စစ်ကျွန်ပညာသပိတ်မှောက်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပေါ်ပေါက်ရေးအတွက် မေ ၃၁ ရက်၊ ဒီနေ့ နံနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်တွင်းမှာ အရုဏ်ဦး သပိတ်အဖြစ် စုပေါင်းချီတက်ကာ ဆန္ဒပြခဲ့ကြပါတယ်။

အောင်မြေသာစံ ကျောင်းပေါင်းစုံသပိတ်စစ်ကြောင်း၊ မဟာအောင်မြေ လူထုသပိတ်စစ်ကြောင်း၊ အောင်မြေသာစံမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အောင်မြေသာစံမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်) တို့လည်း ဒီနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org