မရမ်းကုန်းမြို့နယ်မှာ နေအိမ်ထဲဝင်ပစ်လို့ တစ်ဦး သေဆုံး

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတ်လ ၂၇ ရက် မနေ့နေ့လယ်ပိုင်းမှာ ရန်ကုန် မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်ကို အင်အား အလွန်အကျွံသုံးပြီး ဝင်ရောက် ပစ်ခတ်ခဲ့ပါတယ်။ အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာတွေနဲ့ အဖမ်းခံရတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်က နေအိမ်တစ်အိမ်ကို ၂၀၂၁၊ မတ် ၂၇ ရက်နေ့က အင်အားအလွန်အကျွံသုံးပြီး ဝင်ရောက်ပစ်ခတ်ခဲ့စဉ် .

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတ်လ ၂၇ ရက် မနေ့က နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်မှာ အင်အားအလွန်အကျွံသုံးပြီး ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။ ရပ်ကွက်ထဲက အိမ်တစ်အိမ်ထဲ ဝင်ရောက်ပစ်ခတ်ဖမ်းဆီးတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာတွေနဲ့ အဖမ်းခံရတယ်လို့ သိရပါတယ်။ အဲဒီပစ်ခတ်ခံရမှုကြောင့် သေဆုံးသူမှာ အဆိုတော် ထူးအယ်လင်းရဲ့ အမဖြစ်သူလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org