မဟာသန္တိသုခ အမှုရုံးချိန်း

မဟာသန္တိသုခကျောင်းတိုက်က သံဃာ ၅ ပါးကို သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားတဲ့ အမှုဟာ သာသနာတော်တခုလုံးနဲ့ သက်ဆိုင်နေတဲ့အတွက် အမှုမှန်ပေါ်ပေါက်တဲ့အထိ ဘက်မလိုက်ဘဲ သေသေချာချာစစ်ဆေးဖို့ လိုအပ်တယ်လို့ တရားစွဲခံထားရတဲ့ ဆရာတော်ဦးဥတ္တရက မိန့်ကြားလိုက်ပါတယ်။

မဟာသန္တိသုခကျောင်းတိုက်က သံဃာ ၅ ပါးကို သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားတဲ့ အမှုဟာ သာသနာတော်တခုလုံးနဲ့ သက်ဆိုင်နေတဲ့အတွက် အမှုမှန်ပေါ်ပေါက်တဲ့အထိ ဘက်မလိုက်ဘဲ သေသေချာချာစစ်ဆေးဖို့ လိုအပ်တယ်လို့ တရားစွဲခံထားရတဲ့ ဆရာေတာ်ဦးဥတ္တရက မိန့်ကြားလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန် တာမွေမြို့နယ်တရားရုံးမှာ ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးအမှုကို စစ်ဆေးအပြီးမှာ ဆရာတော်က သတင်းထောက်တွေကို အခုလို မိန့်ကြားခဲ့တာပါ။ အမှုရုံးချိန်းကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း... ဒီအမှုနဲ့ ပတ်သက်လို့ တရားရုံးဆုံးဖြတ်ချက်ဟာ တရားမျှတမှု မရှိခဲ့ရင် ပြည်သူလူထုနဲ့ သံဃာထုရဲ့တုန့်ပြန်မှုကို မလွဲမသွေ ရင်ဆိုင် ရလိမ့်မယ်လို့ ပြောပါတယ်။ ပီနန်ဆရာတော် အရှင်ပညာဝံသ တည်ထောင်ထားတဲ့ မဟာသန္တိသုခ ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ဆရာတော်ဦးဥတ္တရနဲ့ သံဃာ ၄ ပါးကို ပြီးခဲ့တဲ့ဇွန်လ ၁ဝ ရက်နေ့ ညဘက် မှာ သာသနာရေး၊ ပြည်ထဲရေးနဲ့ မဟာသံဃနာယကအဖွဲ့ အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သာသနာ ညိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီကနေ့ တရားရုံးချိန်းမှာ သာသနာရေးဦးစီးဌာနက တရားလိုတွေကို စစ်ဆေးခဲ့ပြီး၊ လာမယ့် ဇူလိုင်လ ၄ ရက်နေ့ကို နောက်တကြိမ် ချိန်းဆိုလိုက်ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကို က တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org