ဖမ်းဆီးခံ မကွေးတက္ကသိုလ်ကျောင်းသားတွေ ရုံးထုတ် မြင်ကွင်း

2021.04.22

မကွေးမြို့မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့အတွက် ဖမ်းဆီးခံထားရတဲ့ တက္ကသိုလ်ကျောင်းသားတွေကို ဧပြီလ ၂၁ ရက်နေ့က တရားရုံးထုတ်စဉ်မှာ တွေ့ရတဲ့မြင်ကွင်း ဖြစ်ပါတယ်။

ဖမ်းဆီးခံရချိန်ကစပြီး နှစ်ပတ်တစ်ကြိမ် ရုံးချိန်းတွေမှာ မိသားစုနဲ့ တွေ့ခွင့်မပေးတဲ့အတွက် မိဘဆွေမျိုးတွေက မကွေးထောင် စည်းရိုးအပြင်ဘက်ကပဲ အော်ဟစ် နှုတ်ဆက်နေကြတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မကွေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဖြိုခွင်းခံရပြီးနောက် ကျောင်းသားကျောင်းသူ ၅၃ ဦး ဖမ်းဆီးခံရပြီး ၁၉ ဦး ပြန်လွတ်လာခဲ့ပါတယ်။

လက်ရှိ မကွေးမြို့မှာ ဆေးတက္ကသိုလ်ကျောင်းသားတွေ အပါအဝင် ကျောင်းသားကျောင်းသူ ၃၀ ကျော် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး၊ နောက်တကြိမ်ရုံးချိန်းကို ဧပြီလ ၂၈ ရက်နေ့ ချိန်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။