နိုင်ငံရေးကြောင့် သံဃာကွဲတော့မလား

တပ်မတော်ရဲ့အားပေးထောက်ခံမှု ရထားတဲ့ “ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း” အဖွဲ့ကို တရားမဝင် အဖွဲ့အစည်းအဖြစ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က သတ်မှတ်လိုက်ပြီး အဖွဲ့ခေါင်းဆောင် ဆရာတော်နှစ်ပါးကိုလည်း ဓမ္မစက်နဲ့ ဆောင်ရွက်ရမယ့်ကဏ္ဍ ပြီးဆုံးသွားပြီလို့ ကြေညာလိုက်ပါတယ်။

monks-622.jpg

 

တပ်မတော်ရဲ့အားပေးထောက်ခံမှု ရထားတဲ့ “ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း” အဖွဲ့ကို တရားမဝင် အဖွဲ့အစည်းအဖြစ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က သတ်မှတ်လိုက်ပါတယ်။

ဒါ့ပြင် အဖွဲ့ခေါင်းဆောင် ဆရာတော်နှစ်ပါးကိုလည်း ဓမ္မစက်နဲ့ ဆောင်ရွက်ရမယ့်ကဏ္ဍ ပြီးဆုံးသွားပြီလို့ ကြေညာလိုက်တဲ့အတွက် သံဃာထုအတွင်းသာမက လူထုအတွင်းမှာပါ သဘောထားတင်းမာမှုတွေ ပိုပြီး ကြီးထွားလာမယ့် အရိပ်အခြေ ရှိလာနေတယ်လို့ လေ့လာသူက စိုးရိမ်နေကြပါတယ်။

RFA ဝိုင်းတော်သား ကိုကျော်အောင်လွင်က တင်ပြထားပါတယ်။

(ဗီဒီယို - RFA)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org