ကိုအောင်ကိုထွေးကို ဝန်းရံရင်း တရားစွဲခံရသူတွေ ရုံးထုတ်
2019.07.02
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ဝန်းရံရင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်စေရန် ရည်ရွယ်ရန်စမှု ပုဒ်မတွေနဲ့ တရားစွဲဆိုခံရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်း၊ ဝန်းရံသူ ဦးမြင့်ဇော်နဲ့ မခင်ချိုနိုင်တို့ကို ဒီနေ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ပါတယ်။
RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။