နေရပ်ပြန် ကရင်ဒုက္ခသည်များနှင့် မြေယာပြဿနာ

၁၉၉၂ ခုနှစ်မတိုင်ခင်က အစိုးရတပ်မတော်နဲ့ KNU ကရင်အမျိုးသား အစည်းအရုံးအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ ကျေးဇူးတော်ကျေးရွာက ဒေသခံတွေ နယ်စပ်ဒေသကို ထွက်ပြေးခဲ့ကြရပါတယ်။

၁၉၉၂ ခုနှစ်မတိုင်ခင်က အစိုးရတပ်မတော်နဲ့ KNU ကရင်အမျိုးသား အစည်းအရုံးအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ ကျေးဇူးတော်ကျေးရွာက ဒေသခံတွေ နယ်စပ်ဒေသကို ထွက်ပြေးခဲ့ကြရပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် ဇာတိကျေးရွာတွေကို ပြန်လာကြတဲ့အချိန်မှာတော့ သူတို့ရဲ့ ဘိုးဘွားပိုင်လယ်ယာမြေတွေကို ပုဂ္ဂလိက ကုမ္ပဏီတွေက သိမ်းဆည်းထားတာကို တွေ့ခဲ့ကြရပါတယ်။

RFA သတင်းထောက် ကိုကျော်လွင်ဦး ရိုက်ကူးတင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org