အင်ဒိုနီးရှားသံရုံးရှေ့ ဆန္ဒပြသူတွေကို သံရုံးဘက်က ရှင်းလင်းချက်ပေး
- 2021-02-23
-
-
-
အင်ဒိုနီးရှား သံရုံးတာဝန်ရှိသူ ဆေးဗီယာ မာစီလင်းကို ဖေဖော်ဝါရီ ၂၃ရက်နေ့က အင်ဒိုနီးရှားသံရုံး ရှေ့မှာ တွေ့ရစဉ်
Photo: RFA
စစ်ကောင်စီက ရွေးကောက်ပွဲအသစ်လုပ်ပေးဖို့ကိစ္စ အာဆီယံနိုင်ငံတွေ သဘောတူလာအောင် အင်ဒိုနီးရှားနိုင်ငံက တွန်းအားပေးနေတယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း ရန်ကုန်မြို့က အင်ဒိုနီးရှားသံရုံး ပြောရေးဆိုခွင့် ရှိသူက ဒီနေ့ ညနေပိုင်းမှာ ငြင်းပယ်လိုက်ပါတယ်။
မနေ့က ရိုက်တာသတင်းမှာမှာ ဖော်ပြခဲ့တဲ့ သတင်းနဲ့ ပတ်သက်လို့ ဒီနေ့ အင်ဒိုနီးရှားသံရုံးအနီးမှာ လူထုက သွားရောက် ကန့်ကွက်ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့က သံရုံးရှေ့ဝင်လို့မရအောင် အတားအဆီးတွေနဲ့ ကာရံထားခဲ့ပါတယ်။