စစ်တပ် ဖိအားကြောင့် လှိုင်သာယာကျုးကျော်တွေ ရွှေ့ပြောင်းနေရ
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့ ဘုရင့်နောင်တံတားအဆင်းကနေ ရန်ကုန်- ပုသိမ်လမ်းမကြီးဘေးက ကျူးကျော် နေအိမ်တွေကို စစ်အာဏာပိုင်တွေက အောက်တိုဘာလ ၂၈ ရက် ဒီနေ့အပြီး ဖယ်ရှားခိုင်းထားတာကြောင့် ပြောင်းရွှေ့နေကြရတာဖြစ်ပါတယ်။
- 2021-10-28
-
-
-
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံတားအဆင်းကနေ ရန်ကုန်- ပုသိမ်လမ်းမကြီးဘေးက ကျူးကျော်နေထိုင်သူများကို တွေ့ရစဉ်
Photo: RFA
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့ ဘုရင့်နောင်တံတားအဆင်းကနေ ရန်ကုန်-ပုသိမ်လမ်းမကြီးဘေးက ကျူးကျော် နေအိမ်တွေကို စစ်အာဏာပိုင်တွေက အောက်တိုဘာလ ၂၈ ရက် ဒီနေ့အပြီး ဖယ်ရှားခိုင်းထားတာကြောင့် ပြောင်းရွှေ့နေကြရတာဖြစ်ပါတယ်။
ကျူးကျော်မှာ နေထိုင်သူတွေအများစုဟာ အနည်းဆုံး ၁၀ နှစ်နီးပါးရှိကြပြီး ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ယာယီနေထိုင်ခွင့် စမတ်ကတ် ရရှိထားသူတွေဖြစ်ပါတယ်။
အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် အလုပ်တွေ ရပ်နားထားရတာနဲ့ အဆောင်စျေးတွေ ကြီးတာကြောင့် လက်တလော နေထိုင်ရေး အခက်အခဲဖြစ်နေကြတယ်လို့ ကျူးကျော်မှာ နေထိုင်သူတွေက RFA ကို ပြောပါတယ်။