တိုင်းရင်းသားတပ်ဖွဲ့များနှင့် အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်

ဦးသိန်းစိန်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ကို ငြိမ်းချမ်းရေး ကမ်းလှမ်းနေချိန်မှာပဲ အရင်က စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရအကြား ဆက်ဆံရေး အခြေအနေတွေ တင်းမာနေပါတယ်။

တိုင်းရင်းသားဒေသတွေမှာလည်း အစိုးရတပ်ရဲ့ ထိုးစစ်တွေမှာ လက်နက်ကြီးတွေ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွါ ထွက်ပြေးရတဲ့ တိုင်းရင်းသားဒေသက ပြည်သူတွေကလည်း တိုးများလာနေပါတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တစည်းတလုံးထဲ ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့၊ လိုအပ်ရင် စစ်ရေးအရ အတူပူးပေါင်း တိုက်ပွဲဝင်ဖို့ ဆွေးနွေးနေကြပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org