ဗဟန်းမှာ ကားလေးစီး ရိုက်ခွဲဖျက်ဆီးခံရ
ဖေဖော်ဝါရီ ၁၈ ရက် ဒီမနက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကြားတောရလမ်းထိပ် မီးပွိုင့်မိနေစဉ် ရပ်နေတဲ့ ကားလေးစီးကို သင်္ကန်းဝတ်တချို့နဲ့ လူ ၁၀ ဦးလောက်က အကြောင်းမဲ့ ရိုက်ခွဲဖျက်ဆီးခဲ့သလို ကားမောင်းသူတစ်ဦးကိုလည်း ထိုးကြိတ်ခဲ့ပါတယ်။
- 2021-02-18
-

ဒီလိုကားတွေကို ရိုက်ခွဲဖျက်ဆီးခံရ၊ လူကိုထိုးကြိတ်ခဲ့သူတွေဟာ အနီးနားက ဘုန်းကြီးကျောင်းတိုက်ထဲကို ဝင်ပြေးသွားပြီး ရဲတပ်ဖွဲ့ကလည်း ထိထိရောက်ရောက် ဖြေရှင်းမပေးဘူးလို့ အဲဒီဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့သူ တွေက ပြောကြပါတယ်။ ရိုက်ခွဲဖျက်ဆီးခံရတဲ့ ကားလေးစီးက စစ်အာဏာရှင်ဆန့်ကျင်ရေး စတစ်ကာတွေ ကပ်ထားတဲ့ကားတွေဖြစ်ပါတယ်။
ကားလည်းဖျက်ဆီးခံရ၊ လူလည်း ထိုးကြိတ်ခံရသူတစ်ဦးက ဒါဟာ အကြောင်းမဲ့သပ်သပ် မင်းမဲ့ စရိုက်ဆန်ဆန် လုပ်သွားတာလို့ ပြောပါတယ်။
ရိုက်နှက်ဖျက်ဆီးသွားတဲ့ သင်္ကန်းဝတ်တချို့ကို ထုတ်ပေးဖို့ လူတွေက ရဲတပ်ဖွဲ့ကို ကြားတောရလမ်း ထိပ်အနီးမှာ တောင်းဆိုနေကြဆဲဖြစ်ပါတယ်။