ထားဝယ်မှာ လူနာတင်ယာဉ်ကိုပစ်ခတ်ပြီး ပရဟိတသမားတွေကို ဖမ်းဆီး
ဒီနေ့ မနက် ၁ နာရီမထိုးခင် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ရငဲကျေးရွာမှာ ဇမ္ဗူမေတ္တာ အရေးပေါ်ကူညီရေးအသင်းက လူနာတင်ယာဉ်တစ်စီးကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ပြီး ကယ်ဆယ်ရေးသမားတွေကို ဖမ်းဆီးသွားပါတယ်။
- 2021-03-08
-
-
-
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ရငဲကျေးရွာမှာ ဇမ္ဗူမေတ္တာ အရေးပေါ်ကူညီရေးအသင်းက လူနာတင်ယာဉ်ကို ထားဝယ်မြို့၊ နိဗ္ဗာန်လမ်းပေါ်မှာ ၂၀၂၁၊ မတ် ၈ ရက်နေ့ ည ၁၂ နာရီ ၄၃ မိနစ်မှာ တွေ့ရစဉ်
.
ဒီနေ့ မနက် ၁ နာရီမထိုးခင် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ရငဲကျေးရွာမှာ ဇမ္ဗူမေတ္တာ အရေးပေါ်ကူညီရေးအသင်းက လူနာတင်ယာဉ်တစ်စီးကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ပြီး ကယ်ဆယ်ရေးသမားတွေကို ဖမ်းဆီးသွားပါတယ်။
လူနာပို့ပြီးအပြန် ထားဝယ်မြို့၊ နိဗ္ဗာန်လမ်းအရောက် ည ၁၂ နာရီ ၄၃ မိနစ်မှာ စစ်တပ်က သေနတ်နဲ့ အကြမ်းဖက်ပစ်ခတ်ပြီး ကယ်ဆယ်ရေးသမားတွေကို ဖမ်းဆီးသွားခဲ့တာပါ။
ဖမ်းဆီးခံရသူ ၃ ဦးထက်မနည်းရှိပြီး အရေအတွက်အတိအကျ သိရဖို့ RFA က စုံစမ်းနေပါတယ်။