ကာလုံ၊ တပ်ချုပ်နဲ့ အပစ်ရပ်ရေးအကြောင်း တပ်မတော် ရှင်းလင်း
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ကနေ အနားယူတဲ့အခါ နိုင်ငံ့တာဝန်ကို တစ်နေရာမဟုတ် တစ်နေရာမှာ ထမ်းဆောင်လိမ့်မယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ က ပြောလိုက်ပါတယ်။
-
2019-09-28 -
-
-
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ (ဝဲ)နဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း တို့ကို ၂၀၁၉၊ စက်တင်ဘာ ၂၈ ရက်နေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
ဓါတ်ပုံ - သက်စုအောင်/ RFA
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ကနေ အနားယူတဲ့အခါ နိုင်ငံ့တာဝန်ကို တစ်နေရာမဟုတ် တစ်နေရာမှာ ထမ်းဆောင်လိမ့်မယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ က ပြောလိုက်ပါတယ်။
ဒီနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်က ကာလုံခေါ်ယူရေး၊ တိုက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေး၊ တပ်မတော်က ဘာသာပေါင်းစုံကို အလှူအတန်းပြုခြင်းတို့အကြောင်း ရှင်းပြခဲ့ပါတယ်။
RFA သတင်းထောက် ကိုသီဟထွန်းနဲ့ မသက်စုအောင်တို့ စုစည်းထားပြီး ကိုသီဟထွန်း က တင်ပြထားပါတယ်။