ရှစ်လေးလုံး ၃၄ နှစ်ပြည့် ဦးမင်းကိုနိုင် ပြောကြားချက်

လက်နက်မမျှဘဲ စစ်အာဏာရှင်ကို ပြန်လည်ခုခံနေရတဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ခုခံကာကွယ်ရေး ပစ္စည်းတွေ အရောက်ပို့ပေးပါလို့ ဦးမင်းကိုနိုင်က တောင်းဆိုလိုက်ပါတယ်။

ဦးမင်းကိုနိုင်။

၁၉၈၈ ခုနှစ် အရေးတော်ပုံကနေစလို့ ဒီကနေ့ ၃၄ နှစ်တိုင်လာသည်အထိ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်ကို ရွတ်ရွတ်ချွံချွံ တွန်းလှန်ပြီး ဒီမိုကရေစီ ရရှိရေးကို တစိုက်မတ်မတ် တောင်းဆိုနေကြဆဲ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

အရှေ့ဥရောပတစ်ခွင်မှာ ဒီမိုရေစီစနစ် မပြောင်းလဲခင်ကတည်းက မြန်မာပြည်သူတွေဟာ ဒီမိုကရေစီကို ငတ်မွတ်တောင်းဆိုခဲ့ကြတာလို့လည်း သူက ဆိုပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်ကြား ရွေးချယ်ရမယ့် အချိန်ဖြစ်ပြီး ဒီမိုကရေစီတောင်းဆိုနေတဲ့ မြန်မာပြည်သူတွေကို အကူအညီပေးဖို့လည်း ဦးမင်းကိုနိုင်က တောင်းဆိုပါတယ်။

နိုင်ငံတကာရဲ့ စိုးရိမ်ကြောင်း၊ ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွေ၊ တံခါးပိတ်အစည်းအဝေးတွေနဲ့ မလုံလောက်တော့ဘဲ စစ်အာဏာရှင်ကို လက်ရောက်နှိမ်နှင်းဖို့လိုပြီးလို့ ဆိုပါတယ်။

လက်နက်မမျှဘဲ စစ်အာဏာရှင်ကို ပြန်လည်ခုခံနေရတဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ခုခံကာကွယ်ရေး ပစ္စည်းတွေ အရောက်ပို့ပေးပါလို့ ဦးမင်းကိုနိုင်က တောင်းဆိုလိုက်ပါတယ်။

ဩဂုတ်လ ၈ ရက် ဒီကနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အွန်လိုင်းကနေ ဦးဆောင်ကျင်းပတဲ့ ရှစ်လေးလုံး အရေးတော်ပုံ ၃၄ နှစ်ပြည့်အခမ်းအနားမှာ ဦးမင်းကိုနိုင် ပြောကြားချက်ကို ဖော်ပြလိုက်ပါတယ်။

(မှတ်ချက်။ မူလဗီဒီယိုတွင် အသုံးပြုထားသော ပြင်ပ ဓာတ်ပုံတစ်ပုံကို စိစစ်ရာတွင် ပြန်လည်ပြုပြင်ထားသည့်ပုံဖြစ်ကြောင်း RFA က သတ်မှတ်ဆုံးဖြတ်သည့်အတွက် ဗီဒီယိုကိုတည်းဖြတ်ပြီး ပြန်လည်ဖော်ပြထားကြောင်း အသိပေးအပ်ပါသည်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org