ရိုဟင်ဂျာ အမျိုးသမီးတချို့ အဓမ္မကျင့်ခံရမှု သတင်းအပေါ် မေးမြန်းချက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြတဲ့ မွတ်စလင်ဒုက္ခသည်တွေထဲက အမျိုးသမီး ဆယ်ဂဏန်းလောက်ဟာ တပ်မတော်သားတချို့ရဲ့ အဓ္ဓမပြုကျင့်မှုကို ခံထားရတယ်လို့ ကုလသမဂ္ဂ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ထုတ်ဖေါ်ပြောဆို ချက်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဒီကနေ့ ရေးသားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြတဲ့ မွတ်စလင်ဒုက္ခသည်တွေထဲက အမျိုးသမီး ဆယ်ဂဏန်းလောက်ဟာ တပ်မတော်သားတချို့ရဲ့ အဓ္ဓမပြုကျင့်မှုကို ခံထားရတယ်လို့ ကုလသမဂ္ဂကျန်းမာရေး ဝန်ထမ်းတွေရဲ့ ထုတ်ဖေါ်ပြောဆိုချက်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဒီကနေ့ ရေးသားလိုက်ပါတယ်။

အဲဒီလိုသတင်းတွေ တက်လာတဲ့အတွက် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းရာမှာ အဓ္ဓမပြုကျင့်တယ်ဆိုပြီး မှတ်တမ်းတွေ ရရှိထားတာ မရှိသေးကြောင်း၊ ဒီကိစ္စတွေဟာ အမှန်တကယ်ဆိုရင် ခွင့်လွှတ်ဖို့မရှိဘဲ အရေးယူသွားမှာ ဖြစ်ကြောင်းနဲ့ စစ်ဆေးရာမှာ မတရားပြုကျင့်ခံရသူတွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပေးဖို့လိုတယ်လို့ ပြောပါတယ်။

ဦးဇော်ဌေးကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

RFA logo
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org