ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ခံရသူ လုံခြုံရေးအတွက် စိုးရိမ်

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် ၊ ဥသျှစ်ပင်မြို့က ဒေသခံ ကိုရာဇာဟိန်းဟာ မူးယစ်ဆေးပြား ၁၄ သန်း ဖမ်းဆီးနိုင်ဖို့အတွက် ကြိုးပမ်းစွမ်းဆောင်ခဲ့တာကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်လိုက်ပါတယ်။

အဲဒီအမှုမှာ အဓိကပတ်သက်သူတစ်ဦး လွတ်မြောက်နေဆဲ ဖြစ်တာကြောင့် ဆုချီးမြှင့်တာထက် မိသားစုနဲ့ မိမိအသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် လုံခြုံရေးချထားပေးစေလိုတယ်လို့ ကိုရာဇာဟိန်း က ပြောပါတယ်။

ကိုရာဇာဟိန်း ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org