မြေစာပုံပြိုကျတာနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ တင်သွင်း

ကချင်ပြည်နယ် ဖားကန့်မြို့ကျောက်စိမ်းတွင်းမှာ ပြီးခဲ့ တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က မြေစာပုံပြိုကျခဲ့လို့ လူရာနဲ့ ချီသေဆုံးခဲ့ရတဲ့အတွက် ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်က နောင် အခုလိုအဖြစ်ဆိုးမျိုးမဖြစ်ဖို့အတွက် အရေးကြီးအဆိုကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းလိုက် ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့ကျောက်စိမ်းတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က  မြေစာပုံပြိုကျခဲ့လို့ လူရာနဲ့ချီသေဆုံးခဲ့ရတဲ့အတွက် ကချင်ပြည်နယ် စည်းလုံးညီညွတ် ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်က နောင် အခုလိုအဖြစ်ဆိုးမျိုးမဖြစ်ဖို့အတွက် အရေးကြီးအဆိုကို ဒီကနေ့ အမျိုးသားလွှတ်တော် မှာ တင်သွင်းလိုက်ပါတယ်။

ကျောက်စိမ်းတူးဖော်တာတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေရှိနေသလို လက်ရှိ ၂၀၁၅ တစ်နှစ်တည်းမှာတင် မြေစာပုံပြိုကျတာ အကြိမ် ၄၀ နီးပါးလောက် ရှိနေပြီလို့လည်း ပြောပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org