အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းထိန်အမှု ရှေ့နေတွေ အာမခံလျှောက်ထား

ငွေဒဏ်နှင့်တကွ ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်ခံရနိုင်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က) နဲ့ စစ်ကောင်စီရဲ့ အမှုဖွင့်တရားစွဲဆိုမှုကို ခံထားရတဲ့ အသက် ၈၀ အရွယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းထိန်ကို ဒီနေ့ ဒက္ခိဏခရိုင် တရားရုံးမှာ ဒုတိယအကြိမ် ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်စစ်ဆေးရာမှာ ကျန်းမာရေး မကောင်းလို့ ရှေ့နေတွေက အာမခံလျှောက်ထားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းထိန် အမှုမှာ လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုး ကို တွေ့ရစဉ်

ငွေဒဏ်နှင့်တကွ ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်ခံရနိုင်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က) နဲ့ စစ်ကောင်စီရဲ့ အမှုဖွင့်တရားစွဲဆိုမှုကို ခံထားရတဲ့ အသက် ၈၀ အရွယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းထိန်ကို ဒီနေ့ ဒက္ခိဏခရိုင် တရားရုံးမှာ ဒုတိယအကြိမ် ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်စစ်ဆေးရာမှာ ကျန်းမာရေး မကောင်းလို့ ရှေ့နေတွေက အာမခံလျှောက်ထားခဲ့ပါတယ်။ နောက်တစ်ကြိမ်ရုံးချိန်းမှာ အာမခံပေး၊ မပေး တရားရုံးက ဆုံးဖြတ်မှာဖြစ်ပါတယ်။

ဦးဝင်းထိန်ကို အမှုလိုက် ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့၊ အများပြည်သူရှေ့မှောက်မှာ စစ်ဆေးခွင့်ပေးဖို့ ရှေ့နေတွေက တောင်းဆိုထားပါတယ်။

တရားရုံးက နောက်တစ်ကြိမ် ရုံးချိန်းကို အခုလ ၁၉ ရက်နေ့မှာ ထပ်မံချိန်းဆိုလိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ နေပြည်တော် ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက တရားလိုလုပ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) နဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ဦးဝင်းထိန်ကို အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဦးဝင်းထိန်ရဲ့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးပြောကြားချက်ကို ကြည့်ရှုနိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org