၂၀၁၅ ရွေးကောက်ပွဲအတွက် ကျားဖြူ ကိုယ်စားလှယ်လောင်း တစ်ရာကျော် ရွေးချယ်

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲပြင်ဆင်မှုအနေနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ (ကျားဖြူ) ကလွှတ်တော်ကိုယ်စား လှယ်လောင်း တစ်ရာကျော် ရွေးချယ်ပြီး တောင်ကြီးမြို့ ဝေဠုဝန် ရှမ်းဘုန်းကြီးကျောင်းမှာ ရွေး ကောက်ပွဲဆိုင်ရာ သင်တန်း ပေးမယ် လို့ ကျားဖြူပါတီက ပြောပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲပြင်ဆင်မှုအနေနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ (ကျားဖြူ) ကလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ရာကျော် ရွေးချယ်ပြီး တောင်ကြီးမြို့ ဝေဠုဝန် ရှမ်းဘုန်းကြီးကျောင်းမှာ ရွေး ကောက်ပွဲဆိုင်ရာ သင်တန်း ပေးမယ်လို့ ကျားဖြူပါတီက ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ရဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ဟိုပုန်းမြို့နယ် ဥက္ကဌ ဒေါ်နန်းသန်းသန်းရွှေကို RFA သတင်းထောက် ကိုကျော်သူ ကဆက်သွယ်မေးမြန်းထားပါတယ်။

ကျားဖြူ ပါတီရဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်နန်းသန်းသန်းရွှေနဲ့ မေးမြန်းချက် အပြည့်အစုံ

ကိုကျော်သူ။         ။ ဆရာမတို့ ကျားဖြူပါတီအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက်ကို ကြိုတင်ပြင်ဆင်မှုများအနေနဲ့ ဘာတွေများရှိလဲဆိုတာ သိချင်လို့ ပါဆရာမ။

ဒေါ်နန်းသန်းသန်းရွှေ။     ။ ကျမတို့ ပြင်ဆင်မှုအနေနဲ့ ဒီဇင်ဘာ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉ ပေါ့နော် ကျောင်းကြီးစု ရပ်ကွက်မှာရှိတဲ့ ဝေဠုဝန် ရှမ်းကျောင်း ရွေးကောက်ပွဲ ဆိုင်ရာ ကျမတို့သင်တန်းရှိမယ်ရှင့်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းလေးတွေကို ပေးရခြင်းဖြစ် ပါတယ်၊ ပြည်နယ်ကိုယ်စားပြု ၂ ယောက်နဲ့ လွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော် ကိုယ်စားလှယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အားလုံးပေါ့နော်၊ မြို့နယ်တစ်မြို့ နယ်ကို ကိုယ်စားလှယ်လောင်းအမည် တင်သွင်းထားတဲ့ ၅ ဦးထဲက ကျမတို့ကတော့ ယေဘုယျအားဖြင့် အကြောင်းကြားလိုက်တယ်၊ မြို့နယ်တစ်မြို့နယ်ကို ၂ ယောက်၊ ၂ ယောက်ပေါ့နော်၊ လွှတ်တော်ကိုယ်စား လှယ်လောင်း အမည်စာရင်းရထားတဲ့ တည်းက နေပြီးတော့ ၂ ယောက်ကို ဒီသင်တန်းလာပါဆိုပြီး ဖိတ်လိုက်တာပေါ့နော်၊

ကိုကျော်သူ။         ။ ဆရာမ အဲ့သင်တန်းမှာရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေမှာ ဘယ်လိုအချက်တွေများ ပို့ချမလဲဆိုတာ သိပါရစေဆရာမ

ဒေါ်နန်းသန်းသန်းရွှေ။     ။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြင်ဆင်မှုလေးတွေပေါ့နော်၊ မဲရုံကိစ္စပါမယ်၊ ရွေးကောက်ပွဲနဲ့ ဆိုင်ရာအားလုံးပါဝင်မှာပေါ့

ကိုကျော်သူ။         ။ ဆရာမ ဒါဆိုရင် စုစုပေါင်းသင်တန်းသား ဘယ်နှယောက် လောက်ပါမလဲ

ဒေါ်နန်းသန်းသန်းရွှေ။     ။ ကျမတို့က ၁၀၀ လောက်ကို လျာထားတယ်

ကိုကျော်သူ။         ။ ဒီ၂၀၁၅ ရွေးကောက်ပွဲအတွက်ကို ဆရာမတို့ ကျားဖြူပါတီ အနေနဲ့ပေါ့လေ ကိုယ်စားလှယ်လောင်း၊ အမတ်လောင်းတွေရွေးချယ်ရာမှာ ဘယ်လိုအရည်အချင်းတွေများ သတ်မှတ်ထားတာရှိလဲ ဆရာမ

ဒေါ်နန်းသန်းသန်းရွှေ။     ။ အရည်အချင်းက အသက်က ၂၅ နှစ်ပေါ့နော်၊ နောက်ပြီးတော့ ဘွဲ့ရပေါ့၊ နောက်ပြီးတော့ နိုင်ငံရေး စိတ်ဝင်စားတဲ့သူပေါ့၊ သူတို့ ကိုယ်စားလှယ်လောင်း အမည်စာရင်းပေးထားပြီးလို့ရှိရင် အဲ့ဒီကိုယ်စားလှယ်လောင်း အမည်စာရင်းကို သင်တန်းပေးတာပေါ့နော်၊ NGO တို့ဘာတို့ ခေါ်တဲ့ သင်တန်းတွေကို ကျမတို့ ပို့ပေးပါတယ်ရှင့်၊ နိုင်ငံရေးနဲ့ ပတ်သက်တာလေး၊ ဥပဒေရေးနဲ့ ပတ်သက်တာလေး၊ ဘတ်ဂျက်ရေးရာနဲ့ ပတ်သက်တာလေး

ကိုကျော်သူ။         ။ သင်တန်းပို့ချမှာဆိုတော့ ဘယ်သူတွေကများ ပို့ချမှာလဲ ဆရာမ

ဒေါ်နန်းသန်းသန်းရွှေ။     ။ မြန်မာ အီးဂရက်စ်နဲ့ အမ်အမ်အီးစီပါ၊ ၄၊ ၅၊ ၆၊ ၇၊ က မြန်မာ အီးဂရက်စ်ပါ၊ ၈၊ ၉ ကတော့ အမ်အမ်အီးစီပေါ့၊

ကိုကျော်သူ။         ။ ရှမ်းတိုင်းရင်းသားများကို ကိုယ်စားပြုတဲ့ ပါတီဆိုတော့လေ လာမယ့်ရွေးကောက်ပွဲအတွက်ကို ရှမ်းပြည်နယ်အပြင်ကို ဘယ်ဒေသတွေကိုများ ကိုယ်စားပြုယှဉ်ပြိုင်မလဲ ဆရာမ

ဒေါ်နန်းသန်းသန်းရွှေ။     ။ ရှမ်းပြည်နယ်အပြင် ကျမတို့ ကချင်ပါမယ်၊ စစ်ကိုင်းတိုင်းပါမယ်၊ မန္တလေးတိုင်းပါတယ်၊ ရန်ကုန်ပါမယ်၊ ရှမ်းတိုင်းရင်းသားတွေ ရှိတဲ့နေရာတိုင်းကို ကျမတို့ လျာထားပါတယ်၊

ကိုကျော်သူ။         ။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက်ကို လက်ရှိပေါ့လေ လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဖြစ်နေ တဲ့သူရော ပြန်ပြီးတော့ အရွေးခံနိုင်ခွင့် ရှိလားဆရာမ

ဒေါ်နန်းသန်းသန်းရွှေ။     ။ အရွေးခံနိုင်ခွင့် ရှိပါတယ်ရှင့်၊ သူတို့လဲ ကျမတို့ ဒီမြို့နယ်တစ်မြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ယောက်၊ ၅ ယောက် အမည်စာရင်းကို ကျမတို့တောင်းခံထားတယ်ပေါ့နော်၊ မြို့နယ်တိုင်း မြို့နယ်တိုင်း၊ ကျမတို့ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အမည်စာရင်းမှာ ပါလာ တာပေါ့နော်၊ အဲ့ဒီပါလာတဲ့ဟာကို ကျမတို့က ထပ်ပြီးတော့မှ အတည်ပြုပြီးတော့မှ ဒီ ၅ ယောက်ကို ကျမတို့က ပြည်သူတွေကလဲ ကြိုက်တဲ့ ၅ ယောက်ဖြစ်မယ်၊ သင်တန်းတက်တဲ့ အခါမှာလဲ သူတို့ရဲ့အရည်အသွေး၊ အရည်အချင်းတွေကို ကြည့်ပြီးမှ ပြည်သူလဲကြိုက်တဲ့သူကို ရွေးချယ်မှာပါရှင့်၊

ကိုကျော်သူ။         ။ ရှမ်းပြည်နယ်အပြင်ကို တခြားသော ရှမ်းတိုင်းရင်းသားများတွေ စုရပ်နေတဲ့ နေရာတွေမှာ ရွေးကောက်ပွဲဝင်မယ်ဆိုတော့ စုစုပေါင်းဆို ရင် နေရာဒေသဘယ်လောက်လောက်များ လျာထားပါလဲ ဆရာမ

ဒေါ်နန်းသန်းသန်းရွှေ။     ။ လွှတ်တော်ကိုယ်စားလှယ်လောင်းက ၁၀၀ ကျော်ရှိတယ်ရှင့်၊ စီစစ်ရွေးချယ်သွားမယ်၊ ကျမတို့တောင်းထားတဲ့ တစ်မြို့နယ် ၅ ယောက်ပေါ့နော်၊ အဲ့ဒါကို ကျမတို့က ၂ ယောက်၊ ၃ ယောက်၊ ၂ ယောက်ဆိုတာ ကတော့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ပေါ့နော်၊ မဲဆန္ဒ ၁၊ ၂၊ ပေါ့၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွက်လဲ ကျမတို့က ဆက်ပြီးတော့မှ ကျမတို့က ရွေးချယ်သွားမှာ ဖြစ်ပါတယ်၊

ကိုကျော်သူ။         ။ ဆရာမ အခုလိုဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ် ဆရာမ၊

ဒေါ်နန်းသန်းသန်းရွှေ။     ။ ဟုတ်ကဲ့၊

 

 

 

 

 

 

 

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org