0:00 / 0:00
တပ်မတော်နှင့် AA တို့ကြားက တိုက်ပွဲတွေကြောင့် ဒေသခံ မြိုတိုင်းရင်းသားတွေ ဘူးသီးတောင်မြို့နယ်ကနေ နေရပ်စွန့်ခွာလာပြီး မောင်တောမြို့နယ် (၃) မိုင် သီဟိုရ် သရက်တောခြံမှာ လာရောက်ခိုလှုံနေကြပါတယ်။
အဲဒီစစ်ရှောင်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ မောင်တောမြို့နယ် သံဃနာယကအတွင်းရေးမှူး၊ (၃) မိုင် ပရဟိတဆရာတော် ဘဒ္ဒန္တစန္ဒာသီရိ ကို RFA အဖွဲ့သူ မခင်ခင်အိက လျှောက်ထားမေးမြန်းထားပါတယ်။