စစ်ကိုင်းတိုင်း ကဲဘာရွာကို စစ်ကောင်စီတပ်က မီးရှို့ကြောင်း ဒေသခံတွေပြော

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ထဲက ကဲဘာရွာကို စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီး လက်နက်ကိုင်အဖွဲ့တွေက မနေ့က မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရွာကို မီးရှို့သွားခဲ့တယ်လို့ မျက်မြင်သက်သေ ရွာသားတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ထဲက ကဲဘာရွာ မီးလောင်ကျွမ်းပြီးသည့်နောက် တွေ့မြင်ရသည့် မြင်ကွင်း။ Photo: Citizen Journalist

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ထဲက ကဲဘာရွာကို စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီး လက်နက်ကိုင်အဖွဲ့တွေက မနေ့က မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရွာကို မီးရှို့သွားခဲ့တယ်လို့ မျက်မြင်သက်သေ ရွာသားတွေက ပြောပါတယ်။

ဒီလုပ်ရပ်ကြောင့် တရွာလုံး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပြီး လူအသေအပျောက်တော့ မရှိဘူးလို့ ဆိုပါတယ်။ ဘာကြောင့် ဒီရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ရတာလဲ၊ ကဲဘာရွာရဲ့ နောက်ဆုံး အခြေအနေတွေက ဘယ်လိုရှိသလဲဆိုတာကို သိရအောင် ကဲဘာရွာသား မျက်မြင်သက်သေတစ်ဦးကို မနေ့ကည ဆယ်နာရီလောက်မှာ မခက်မာ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ အဲဒီရွာသားရဲ့ အမည်ကတော့ လုံခြုံရေးအခြေအနေအရ မဖော်ပြနိုင်ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org