ငြိမ်းချမ်းရေး ပူးတွဲကော်မတီ ကိုယ်စားလှယ် UNA နဲ့ SNLD ရွေးချယ်

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့မှာ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် ၁၆ ဦး ပါဝင်ခွင့်ရထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့မှာ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် ၁၆ ဦး ပါဝင်ခွင့်ရထားပါတယ်။ အဲဒီ ၁၆ ဦးထဲမှာ (UNA) ညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့နဲ့ (SNLD) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့က ကိုယ်စားလှယ်တစ်ဦးစီကို ဒီကနေ့ ရွေးချယ်ပေးလိုက်ပါတယ်။

ငြိမ်းချမ်းရေးုဖြစ်စဉ်မှာ နောင်တက်လာမယ့် အစိုးရသစ်နဲ့ သဟဇာတဖြစ်ဖို့နဲ့ အသွင်ကူးပြောင်းရေး အတွက် အဆင်ပြေချောမွေ့ရေး ရည်ရွယ်ပြီး အခုလို ရွေးချယ် လိုက်တာလို့ UNA က ပြောပါတယ်။

UNA အဖွဲ့ဝင် SNLD ပါတီက တွဲဖက်အတွင်းရေးမှုး ဦးစိုင်းလိတ်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org