0:00 / 0:00
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအပေါ် ပုတ်ခတ်ရေးသားတဲ့ စာရွက်တွေဖြန့်ဝေခဲ့မှုအတွက် ကြံခိုင်ဖွံ့ဖြိုး ရေးပါတီဝင်တစ်ဦးကို NLD ပါတီက တရားစွဲထားတဲ့အမှုကို မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တရားရုံးက ပလပ်လိုက်တာကို ခရိုင်နဲ့ တိုင်းအဆင့်အထိဆက်လက်ပြီး တရားစွဲဖို့ စီစဉ်နေကြောင်း ဆိပ်ဖြူမြို့နယ် NLD က ပြောပါတယ်။
ဆိပ်ဖြူမြို့နယ် NLD ဥက္ကဌ ဦးကံကောင်းကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။