ဒေါက်တာ အေးမောင်နှင့် RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းချက်
အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ်မှာ စက်တင်ဘာလ ၁ ရက်နဲ့ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ညီလာခံကို တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ဝါရှင်တန်ဒီစီမြို့တော်က RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။
-
2013-09-04 -
-
-
Your browser doesn’t support HTML5 audio
အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ်မှာ စက်တင်ဘာလ ၁ ရက်နဲ့ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ညီလာခံကို တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ဝါရှင်တန်ဒီစီြမို့တော်က RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။
လွှတ်တော်အတွင်း ဆောင်ရွက်ချက်တွေမှာတော့ အရင်ကထက်ပိုပြီး ပြောဆိုဆောင်ရွက်လာနိုင်ပြီဖြစ်ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ကိစ္စမှာတော့ အခက်အခဲတွေအများအပြား ရှိနေသေးတယ်လို့ဆိုပါတယ်။ ဒါကြောင့် လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်အင်အားစုတွေ အခုထက်ပိုပြီးအနိုင်ရဖို့ ကြိုးစားရမှာဖြစ်ပြီး၊ အဲဒီအင်အားစုတွေနဲ့ ၂၀၁၅ အပြီး နောက်ပိုင်းမှာ အခြေခံဥပဒေပြင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်လို့တော့ လူမျိုးမတူ ဘာသာမတူသူတွေ ပြန်ပြီးနားလည်မှုရှိရှိ အတူယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် ဒေသဖွံ့ဖြိုးရေးနဲ့ တစ်ဦးချင်းစီးပွားရေး အဆင်ပြေအောင်ဆောင်ရွက်ရေးကို ဦးစားပေးရမှာဖြစ်သလို၊ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးပိုင်းမှာ ဒေသခံတိုင်းရင်းသားတွေကို ပိုပြီးတာဝန်ပေးနိုင်ရင် အဆင်ပြေလာနိုင်မယ်လို့ ပြောပါတယ်။
ဒေါက်တာအေးမောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။