သတင်းစာဆရာကြီး ဦးဝင်းတင်ကို အိုဘားမား မိန့်ခွန်းအကြောင်း မေးမြန်းချက်
ကမ္ဘာမှာစစ်အင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ စစ်တပ်ဟာ ပြည်သူရဲ့စိုးမိုးမှုအောက်မှာပဲရှိတယ်လို့ အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြောသွားတဲ့စကားဟာ အလွန်အရေးကြီးတဲ့အချက်ဖြစ်တယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာကြီး ဦးဝင်းတင်က RFA နဲ့ ဆက်သွယ်မေးမြန်းချက်မှာ ပြောလိုက်ပါတယ်။
-
2012-11-20 -

ဒါ့အပြင် ယဉ်ကျေးမှုမတူ၊ လူမျိုးမတူ၊ ကိုးကွယ်ရာမတူသူတွေ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်တဲ့ နိုင်ငံတခုဖြစ်ရေးဆိုတဲ့ အချက်ကလဲ သဘောတူစရာဖြစ်တယ်လို့ ဦးဝင်းတင်ကပြောလိုက်သလို၊ အနာဂတ်မှာပြောင်းလဲလာမယ့် အာရှဒေသအခြေအနေနဲ့ အိန္ဒိယသမုဒ္ဒရာဒေသတွင်း နိုင်ငံရေးမှာ မြန်မာ့နိုင်ငံခြားရေးမူဝါဒဟာ အရင်ကတည်းကကျင့်သုံးလာတဲ့ ကြားနေဝါဒကိုပဲ ဆက်လက်ကျင့်သုံးသင့်သလို၊ ဒီကြားနေမူဝါဒပီပြင်ဖို့ဆိုရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံ ဖြစ်နေရမယ်လို့ ဆိုပါတယ်။
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းချက် အပြည့်အစုံနားဆင်နိုင်ပါပြီ။