နိုင်/ကျဉ်းဟောင်းဦးသိန်းသန်းဦး နိုင်ငံကူး လက်မှတ်ကိစ္စ ကြန့်ကြာနေ
နိုင်ငံရေး အကျဉ်းသားဟောင်း ရှေ့နေများကွန်ယက် အဖွဲ့ဝင် ဦးသိန်းသန်းဦးဟာ နှလုံးရောဂါ ဖိစီးတဲ့အတွက် လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကတည်းက မန္တလေးဆေးရုံကြီးမှာ တက်ရောက် ကုသနေရပါတယ်။ သူဟာ နှလုံးသွေးကြော သုံးချောင်းပိတ်တဲ့ အခြေအနေကို ဆိုက်ရောက်နေလို့ ပြည်ပမှာ အပူတပြင်း ခွဲစိတ်ကုသမှုခံယူဖို့လိုအပ်နေပေမဲ့ နိုင်ငံကူးလက်မှတ် မရရှိတဲ့အတွက် ခရီးကြန့်ကြာနေတယ်လို့သိရပါတယ်။
-
2012-09-11 -
-
-
ဒီအခက်အခဲနဲ့ ပတ်သက်လို့ ကာယကံရှင် မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ တော်ဝင်ရှေ့နေအဖွဲ့မှ ဦးခင်မောင်သန်းတို့ကို ဆက်သွယ်မေးမြန်းပြီး ဦးကိုကိုအောင်က တင်ပြပါတယ်။
မေးမြန်းတင်ပြချက်။ |
|
အသံဖိုင်ယူရန်။ |