ကြိုတင်မဲတွေထပ်ရောက်လို့ USDP ဥက္ကဋ္ဌ နိုင်တယ်ဆိုတဲ့ ဝေဖန်ချက်ကို UEC ငြင်း

နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ တပ်ကြိုတင်မဲတွေထပ်ရောက်လို့ USDP ပါတီဥက္ကဋ္ဌ ဦးသန်းဌေး အနိုင်ရသွားတာဆိုတဲ့ ဝေဖန်ချက်ကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ငြင်းဆိုလိုက်ပါတယ်။

ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ကို တွေ့ရစဉ်

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ ဦးသန်းဌေးက ရွေးကောက်ပွဲ အနိုင်ရရှိ သွားပါတယ်။

မဲရလဒ်တွေကို ရေတွက်နေစဉ် ညပိုင်းမှာ တပ်ကြိုတင်မဲ သုံးထောင်ကျော် ထပ်မံ ရောက်ရှိလာတဲ့အတွက် ဦးသန်းဌေးအနိုင်ရခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေဟာ မဟုတ်မှန်ပဲ မူလကတည်းက ရောက်ရှိထားတဲ့  ကြိုတင်မဲတွေသာဖြစ်တယ်လို့ ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org