တစ်ကိုယ်တော် ဆန္ဒပြသူ နိုင်ငံရေး အကျဉ်းသားဟောင်း

နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးဖို့ တောင်းဆိုနေတဲ့ ဘိုကလေးမြို့က နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအောင်မြင့်ဟာ ပြီးခဲ့တဲ့ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအောင်မြင့်(အလယ်) ဖြစ်ပါသည်။ Photo courtesy of ဌေးအောင် ဓာတ်ပုံနှင့် ဗီဒီယို

သံခြေကျင်းနဲ့ အကျဉ်းထောင် ဝတ်စုံပြာဝတ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးဖို့ တောင်းဆိုနေတဲ့ ဦးအောင်မြင့်ကို ရဲကဖမ်းပြီး၊ ထောက်လှမ်းရေးကို လွှဲပေးလိုက်ပါတယ်။ ထောက်လှမ်းရေးက တစ်ခါ ရွာသာကြီး စိတ္တဇဆေးရုံကို ပို့လိုက်ပါတယ်။

မနေ့ကတော့ ဦးအောင်မြင့်ဟာ ကျန်းမာရေးကောင်းသူ တစ်ယောက်ဖြစ်တယ်လို့ ဆရာဝန်ကြီးတွေက ဆုံးဖြတ်လိုက်တဲ့အတွက် ထောက်လှမ်းရေးက ပြန်လွှတ်ပေးလိုက်ပါတယ်။

ဦးအောင်မြင့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org