သနပ်ပင်မှာ လေဆင်နှာမောင်းတိုက်၊ နေအိမ် ၂၅ဝ ကျော်ပျက်စီး

ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်မှာ မနေ့ညပိုင်းက လေဆင်နှာမောင်း တိုက်ခတ်တဲ့အတွက် ကျေးရွာ ၁၃ ရွာက နေအိမ်အလုံး ၂၅ဝ ကျော် ပြိုကျပျက်စီးပြီး အဆောက်အအုံ ၃၅ဝ နီးပါး အမိုးတွေလန် ပျက်စီးခဲ့ပါတယ်။

ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်မှာ မနေ့ညပိုင်းက လေဆင်နှာမောင်း တိုက်ခတ်တဲ့အတွက် ကျေးရွာ ၁၃ ရွာက နေအိမ်အလုံး ၂၅ဝ ကျော် ပြိုကျပျက်စီးပြီး အဆောက်အအုံ ၃၅ဝ နီးပါး အမိုးတွေလန် ပျက်စီးခဲ့ပါတယ်။ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေလည်း ပျက်စီးခဲ့ပြီး အကူအညီ အမြန်ဆုံး ရရှိဖို့အတွက် သမ္မတဦးဝင်းမြင့် ဇူလိုင်လ ၂၈ ရက်နေ့ မနက်ဖြန် ပဲခူးမြို့ကို လာရောက်တဲ့အခါ တင်ပြသွားမယ်လို့ သနပ်ပင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောပါတယ်။ ဦးမြင့်ဦးကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

RFA logo
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org